မြန်မာ web site တစ်ခု ရေးသားရာမှာ webmaster တို့ရဲ့ အရေးကြီး ဆုံး ဆုံးဖြတ်ချက်ကတော့ ဘယ် Myanmar Font ကိုသုံးမလဲ ဆိုတာပါဘဲ။ ကျွန်တော့ website ကြည့်ချင်ရင် ဒီ Font လေးအရင် install လုပ်ပါလို့ visitor တွေကို ကြိုဆိုလိုက်တာ ဘယ်ကောင်းမလဲ။ website အဝင်မှာ တပ်နှိုင်သမျ အညင်သာဆုံး ဖြစ်ချင်တယ်။ visitor တွေရဲ့စက် ထဲမှာ အများဆုံး ရှိမဲ့ Myanmar Font ကိုသုံးရမယ်။Myanmar Font တစ်ခုသုံးပြီးရင် အခြားတစ်ခု ပြောင်းဖို့ သိပ်မလွယ်ဘူး။ ဒီတော့ ဘယ် Myanmar Font ကိုသုံးမလဲ။ နောင်နှစ်မှာ ဘယ် Myanmar Font ခတ်စားမလဲ။ တစ်ချို့ site တွေဆို Myanmar Font install လုပ်ဖို့ popup windows နဲ့တောင်ပြလိုက်သေးတယ်။ visitor တွေဟာ popup တွေ မုန်းပါတယ်။ မြန်မာ web တွေကြည့်တာများပြီမှို တွေ့သမျ website က download ဆွဲထားတာ ကျွန်တော့စက်ထဲမှာ Myanmar Font တွေ တသီကြီးရှိတယ်။ commercial font တွေလဲပါတယ်။ ဒီနေရာမှာ webmaster တွေသိသင့်တာက Free font တိုင်း visitor ကို မျက်နှာလို မျက်နှာရ download ပေးလို့မရဘူး ဆိုတာဘဲ။ Free ဆိုသည်မှာ end user အတွတ်သာ ဖြစ်ပြီး၊ ပိုင်ရှင်ခွင့်ပြုချက်မရပဲ download ပေးလို့မရပါဘူး။ မြန်မာ Font ဖြစ်ပေါ်လာမှူ့သမိုင်းဟာ ရှည်လျားပြီး သိပ်ရှုပ်ထွေးပါတယ် (၁၊ ၂)။ ကျွန်တော့အနေနဲ့ နားလည်ခဲ့ရင် နောက်ကြမှသပ်သပ် ဆွေးနွေးပါမယ်။ ဒီစာမှာတော့ webmaster တွေအတွတ် ဘယ် Font သုံးသင့်သလဲဆိုတာပဲ ဆွေးနွေးကြမယ်။ မြန်မာ web pages တွေမှာအများဆုံးသုံးတာကတော့ Zawgyi Font ပဲဖြစ်ပါတယ်။ Alpha Mandalay မှာ bundled software အဖြစ် ဆွဲယူနိုင်ပါတယ်။ ကျွန်တော့ အနေနဲ့ font လိုချင်တာနဲ bundled software ကို install လုပ်ရမှာ လက်တွင့်ပါတယ်။ အဲဒီလို publisher certificate မပါတဲ software တွေကို security ကြောင့် office computer မှာ install လုပ်ခွန့်မရှိပါဘူး။ ဒီ Font ဟာ web ထဲတွင် လွင့်မျော လျှက်ရှိပြီး နေရာများစွာမှာ အလွယ်တကူပင် font သက်သက် ဆွဲယူနိုင်ပါတယ်။ Zawgyi Font ဟာ copyrighted material တွေပါတဲ့အတွတ် ပိုင်ရှင်ထင်ထင်ရှားရှား မပေါပဲဖြစ်နေပါတယ်။ text အများစုပါဝင်တဲ့ webpage အများစုဆိုရင် contrast ကောင်းတာကြောင့် Zawgyi font ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ Public funded အဖွဲ့အစီးဖြစ်တဲ့ Myanmar NLP Research Center က Myanmar3 Unicode Font ကို လျှိုဝှတ်စွာ ထွတ်ဝေ လျက်ရှိပါတယ်။ Myanmar3 ဟာ sans serif မဟုတ်တဲ့အတွတ် website မှာသုံးရင်မလှပါဘူး။ ဘယ်ဝက်ဆိုက်မသုံးတာတော့ မတွေဘူးသေးပါဘူး။ Myanmar3 ဟာ LGPL license ဖြင့် ပေးတာမှို့ မြည်သူမဆို အခကျေးငွေမယူလျင် redistribute လုပ်လို့ရပါတယ်။ public funded software project များဟာ fund raising လုပ်ရန်အတွက် deliverable များကို GNU license ဖြင့် timely release လုပ်ပါမြည်ဟု ကတိဝင်ခံရလေ့ရှိပါတယ်။ GNU license များဟာ standard အလျင်အမြန် ပေါ်ပေါက်ရေးအတွတ် အလွန်အထောက်အကူပြုပါတယ်။ Myanmar3 ဟာ web မှာ Zawgyi မှီဖို့ အလားအလာမရှိပါဘူး။ Myanmar Font တွေ သက်သက်ရတ်ရတ် ပေးတပ်တဲ့ solveware solution မှ Parabaik Font ကို GPL+OFL license ဖြင့်ပေးထားပါတယ်။ website များအတွက် ဆိုရင် ParabaikSans ကိုသုံးရမှာဖြစ်ပါတယ်။ Font အရေအသွေး ပိုမိုကောင်းမွန်တာမှို့ Myanmar Business website များဖြင့်အလွန်သင့်တော်ပါတယ်။ OFL license ပါတဲ့အတွတ် Reserved Font Name လုပ်ခြင်းကို ကာကွယ်ထားပါတယ်။ ကိုယ်သုံးမဲ Font ကို visitor စက်မှာမရှိရင် ကိုယ့် website မှတိုက်ရိုက် download ချပေးဖို့လိုပါတယ်။ အခြား website မှာ download အတွက်ပိုပေးရရင် web visitor တွေဟာစိတ်မရှေကျဘဲ မိမိနဲအလားတူ အခြား website ကိုရောက်သွားတပ်ပါတယ်။ Unicode version တူရင် Font တွေအားလုံးကို CSS ဖြင့် ဆင့်ကဲဆင့်ကဲ သုံးလို့ရပါတယ်။ လောလောဆယ်တော့ ဒီသုံးခုက ပြောင်းသုံးလို့မရပါဘူး။ Zawgyi က Unicode 5.1 standard မဟုတ်လို့ပါ။ ဒါ Standard နှင့် non-standard မသိမသာ အားပြိုင်ခြင်းဖြစ်ပါတယ်။ Unicode ဖြစ်ခြင်း၊ quality ကောင်းမွန်ခြင်း၊ download link ပေးနိုင်ခြင်း တို့ကြောင့် ကျွန်တော့ အနေနဲ့ ဒီ Myanmar font သုံးခုသည် Myanmar website များအတွက်သင့်တော်ကြောင်း ဆွေးနွေးလိုပါတယ်။
စာကိုး ၁။ Myazedi-Zawgyi issue1
၂။ Alpha Mandalay မှ ဦးရဲမြတ်သူ၏ အိတ်ဖွင့်ပေးစာ